ကျွန်းလှ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က ရွှေကျွန်းမြေ မိုးလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဗိုလ်လုပွဲ၌ အမျိုးသားပြိုင်ပွဲတွင် သစ်ရာမြိုင်အသင်းက လယ်လှအသင်းကို ၁၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ကျောက်စိမ်းအသင်းက ပသစအသင်းကို ၉ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်အတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ ဆုရအသင်းများနှင့် အကောင်းဆုံးအားကစားသမားဆုရသူများအား ဖလား၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို