စေတုတ္တရာ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ “ရည်မှန်းချက်မှသည်အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ဖြင့် ယနေ့ညနေ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်အေးမြသန္တာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မမိုးပြည့်ပြည့်နိုင်မှ “လူငယ်များအလုပ်ပေါ်လေးစားမြတ်နိုး တန်ဖိုးတတ်စေဖို့ ကျွန်တော်တို့၏စေတနာ” အကြောင်းကို ဖတ်ကြားခဲ့သည်။
ထို့နောက် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ “ရည်မှန်းချက်မှသည် အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်မှ မိမိတို့ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာဗဟုသုတနှင့် စာပေဆိုင်ရာအသိအမြင်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသည့် ဝါသနာတူကလပ်အသင်းများဖြစ်သော ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး တက်ရောက်ကြသည်။
ဆန်းကိုကို(ပြန်/ဆက်)