ကန့်ဘလူ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှကြိုင်က ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်သည်။ ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား နှစ်ဘာသာဂုဏ်ထူးရှင် မဆုသံဇင်နွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏သားသမီး ၄ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁ ဦးနှင့် ရိုးရိုးအောင် ၁ ဦးတို့အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စုစုပေါင်း ကျပ်နှစ်သိန်းခွဲ၊ စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ ကျပ် နှစ်သိန်းခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကျပ်တစ်သိန်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနနှင့်မြို့နယ်မျိုးသန့်ခြံမှ ကျပ်ခြောက်သောင်းစီ စုစုပေါင်း ကျပ် ၇၈၀၀၀၀ တို့ကိုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း