အိမ်မဲမြို့နယ် အ-ထ-က(ခွဲ) ခလောက်သိုက်တွင်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အိမ်မဲ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ခလေက်သိုက်ကျေးရွာ၊ အ-ထ-က(ခွဲ) ခလောက်သိုက်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး လူငယ်နှင့်ရည်မှန်းချက်၊ စာပေဖတ်ရှုခြင်းအကျိုး၊ ဆက်သွယ်ရေးလိမ်လည်မှု အကြောင်းအရာများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုး၊ လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေးအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့ သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်  Myanmar Fitness Dance အကများ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်