သာပေါင်း စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဗုဒ္ဓဟူးနေ့တိုင်း ပြည်သူများအား မကူးစက်နိုင်သောရောဂါများကို ကာကွယ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြည်သူများအား မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ ကာကွယ် ကုသခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းပွားနှင့် လက်ထောက်ဆရာဝန် ဒေါက်တာရဲမင်းအောင်၊ လက်ထောက်ဆရာဝန် ဒေါက်တာ အေးချမ်းဖြူနှင့် ကျန်းမာရေးဝန်ထမ်းတို့က သာပေါင်းမြို့နယ်ဆေးရုံ NCD Clinic တွင် လာရောက် ပြသကြသော ပြည်သူ(၁၉)ဦးတို့ကို ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးများအခမဲ့ပေးကာ ကျန်းမာရေးပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး