တောင်တွင်းကြီး စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့မယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲမစတင်မီ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲ၏ စည်းမျဥ်း၊ စည်းကမ်းများကို ရှင်းပြခဲ့ကြပြီး အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၆) ဦးက ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ရုံးအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးသော အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့တွင်အများ ပြည်သူဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ ပုံပြင်၊ ကဗျာများ စုံလင်စွာထားရှိပေးလျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)