ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ တွေ့ဆုံပွဲကျင်းပ

မုံရွာ စက်တင်ဘာ ၁၉

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ တာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ၊ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ဖိတ်ကြားထားသူများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ၊ ရွေးကောက်ပွဲကျင်းပမှု နည်းစနစ်များ၊ ရွေးကောက်ပွဲ ပြုလုပ်မည့်ကာလ အခြေအနေ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းများ အပါအဝင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ နည်းဥပဒေများ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)