လပွတ္တာ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့ညနေ ၃ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈)ဘီလီယံမတည်ထောက်ပံ့ငွေမှ ချေးငွေထုတ်ချေးရေး စီမံချက်အား ရှင်းလင်းပွဲနှင့် ချေးငွေ စာချုပ်ချုပ်ဆိုပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေး ကော်မတီအတွင်းရေးမှူး ဒေါ်မေသန်းဌေးက ချေးငွေထုတ်ချေးရေးနှင့် ပတ်သက်၍ စီမံချက်ပါလုပ်ထုံး လုပ်နည်းများအား ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်ကိုဦးက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးဆောင်ရွက်မည့် ကဏ္ဍအလိုက် တာဝန်ခံဌာနများသို့ ချေးငွေများပေးအပ်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစံရင်မော်က မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းစုအဖွဲ့(၃)ဖွဲ့အား မတည်ချေးငွေပေးအပ်ခြင်း၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းစုအဖွဲ့(၂) ဖွဲ့အား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးအောင်က မတည်ချေးငွေများပေးအပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းစု အဖွဲ့(၁)ဖွဲ့အား မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်မေသန်းဌေးက မတည်ချေးငွေပေးအပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းစုအဖွဲ့(၂)ဖွဲ့အား မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာစိုးဦးက ပေးအပ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)