ဟင်္သာတ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီက အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် လက်တွေ့အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်း ပခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ချောဦးက သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းတို့မှ သင်တန်းသားများအား သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ သင်တန်းအား မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ သင်တန်းသား (၂၀) ဦးဖြင့် ၁၈.၉.၂၀၂၅ ရက်နေ့မှ ၁၉.၉.၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ခရိုင်အဆင့် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးစောဝင်းရွှေ၊ ဟင်္သာတမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ချောဦးနှင့်တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)