ကျိုက်လတ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပေါ့စားမီးသတ်စက်ကလေး(ရေစို) လေ့ကျင့်ခြင်း ဆောင်ရွက်

ကျိုက်လတ်  ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မီးသတ်ဦးစီးဌာနတွင် ယမန်နေ့ နံနက် နာရီခန့်က မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပေါ့စား မီးသတ်စက်ကလေး (ရေစို) လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး အပေါ့စား မီးသတ်စက်ကလေး(ရေစို)ဖြင့် လေ့ကျင့်ရာတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ချက်များ၊ စက်ကိုစနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများ၊ မီးငြိမ်းသတ်နည်း စနစ်များကို မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးဇာနည်ကျော်နှင့် ဦးထက်နိုင်အောင် တို့က ဦးဆောင်၍ မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ကျိုက်လတ် အောင်မြင်မိုရ်ဈေး မြစ်ကမ်းနားဆိပ်အထိ မီးသတ် တပ်ဖွဲ့ဝင်များနှင့် လေ့ကျင့်ခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)