စေတုတ္တရာ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာ ပြောဆိုတတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက စေတုတ္တရာမြို့နယ် မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် သားငယ်၊ သမီးငယ်များက ပန်းချီပြိုင်ပွဲ အဆိုပါပြိုင်ပွဲတွင် သားငယ်၊ သမီးငယ်များက ပန်းချီပြိုင်ပွဲ၊ အဆိုပါပြိုင်ပွဲတွင် သားငယ်၊ သမီးငယ်များက ပန်းချီပြိုင်ပွဲ၊ ဆင်ကလေးဖြူဖွေးပုံပြင်၊ ဖိုးလမင်းကဗျာ၊ ရွှေခဲကလေးရဲ့မင်္ဂလာကဗျာ၊ လယ်တောရှင်သီချင်း၊ ဝါဆိုပန်းခူးသွားသီချင်းခေါင်းစဉ်များဖြင့် ပုံပြင်၊ ကဗျာပြိုင်ပွဲများနှင့် သီချင်းဆိုပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါအခမ်းအနားတွင် ပညာရေးမှုးရုံးဆရာကြီး ဦးအောင်မြင်ဌေး၊ အခြခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမနှင့် ဆရာမများကဆုရရှိသည့် သားငယ်၊ သမီးငယ်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)