အောင်လံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စပါးစိုက်ဧကလျာထားပြည့်မီရေး ကွင်းဆင်းဆောင်ရွက်

အောင်လံ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများစပါးစိုက်ဧက လျာထားပြည့်မီရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဘွက်ကြီးဆည်ရေသောက်ကွင်းနှင့် ပဒဲဆည်ရေသောက် တောင်သူများနှင့် ရွာမထုံးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှရွှေက ဘွက်ကြီး ဆည်ရေသောက်ဧရိယာတွင် စိုက်ပျိုးရန်လျာထား(၁၉၉၀)ဧက လျာထားသည့်အနက် (၄၆၀) ဧက ကျန်ရှိလျက်ရှိသဖြင့် တောင်သူများအနေဖြင့် မည်သို့သော အခက်များရှိပါသလဲရှိက ဆွေးနွေးပြောကြားတင်ပြပေးရန်ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ တာဝန်ယူရသည့်အပိုင်းလိုက် တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ကူညီပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မျိုးသိန်း(ပြန်/ဆက်)