အောင်လံမြို့နယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

အောင်လံ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက အောင်လံမြို့၊ သာသနာ့ဗိမာန်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွေး ဦးဆောင်မှုဖြင့် အရာရှိ(၁၂)ဦး၊ တပ်ဖွဲ့ဝင်(၅၈)ဦးတို့က ဘုန်းကြီးကျောင်းအတွင်း၊ အပြင်များတွင် သန့်ရှင်းသာယာလှပစေရေး ပေါင်းမြက်များ၊ ခြုံနွယ်များ၊ အမှိုက်များ၊ သစ်ရွက်ခြောက်များအား ဖယ်ရှားရှင်းလင်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)