လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်

လိပ်သို စက်တင်ဘာ ၁၉

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းက ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက မြို့ကက်သလစ်ဓမ္မာရုံ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ မိဘဆရာအသင်းနာယက ဦးစောဂျေအေဝင်းမြင့်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဦးနှင့် ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးစိုးတင့်တို့က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ပြီး ပညာရည်ချွန်ဆုချီးမြှင့်ပွဲအတွက် အလှူငွေပါဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ ဒေါ်ဒိုနီးရှာတို့က ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား/ ကျောင်းသူ (၂၂) ဦးနှင့် ဂုဏ်ထူးရ  ကျောင်းသူ တစ်ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး Grade-12 သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ကြောင်း သိရသည်။

နော်ဖလောရင်း