တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်မှုကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် ရေဘေးပညာပေးစာစောင်များ၊ လေပြင်းဘေး အသိပညာပေးစာစောင်များ၊ မုန်တိုင်းဘေး အသိပညာပေးစာစောင်များ၊ မီးဘေးအသိပညာပေးစာစောင်များ၊ ငလျင်ဘေး အသိပညာပေးစာစောင်များ၊ မိုးခေါင်ရေရှားဘေး အသိပညာပေးစာစောင်များ၊ လျှပ်စစ်အန္တရာယ် အသိပညာပေးစာစောင်များ၊ မိုးကြိုးဘေးအန္တရာယ်အသိပညာပေးစာစောင်များ၊ မြေပြိုဘေးအန္တရာယ် အသိပညာပေးစာစောင်များစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးစာစောင်များနှင့် ပြသထားရာ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)