သံတောင်ကြီးမြို့နယ်  ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်

သံတောင်ကြီး  စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် စက်တင် ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ပန်းချီပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းပိတ်ချိန်အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးပြု တတ်စေရန်၊ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း ဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး စိတ်ကြိုက်ပန်းချီပြိုင်ပွဲကိုကျောင်းသူ၊ ကျောင်းသား(၁၅)ဦး တို့ကပါ ဝင်ယှဉ်ပြိုင်ကြကာဆုရရှိသူများအား မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ