မင်းလှမြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ၌ ဆုရရှိသူများအားဆုချီးမြှင့်

မင်းလှ စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် စာစီစာကုံး၊ကဗျာပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်း၌ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီချိန်ကပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ကြည်ကြည်ချိုက ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားဗဟုသုတများရရှိစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှုစေရန်နှင့် ပြိုင်ပွဲများကိုစိတ်ဝင်တစားဝင်ရောက်ယှဉ်ပြိုင်ကြရန် အား ပေးစကားများပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူးဆရာ မကြီးဒေါ်ကြည်ကြည်ချိုနှင့် ‌အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက ပညာတန်ဆောင်ရုပ်ပြပြိုင်ပွဲ၊ ကမ္ဘာ့ခရီးသွားနေ့စာစီစာကုံးပြိုင်ပွဲ၊ ၂၀၂၅ ကမ္ဘာ့အို ဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်း အမှတ်စာစီစာကုံးပြိုင်ပွဲ၊ကမ္ဘာ့ဆရာများနေ့ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၊ (၅၄) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ၊ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ စာစီစာကုံးပြိုင်ပွဲ၊ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (ထက်၊ လယ်၊မူ) စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတို့၌ ဆုရရှိသည့် ကျောင်းသား/သူ (၄၃) ဦးအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)