ဘားအံမြို့တွင် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်

ဘားအံ စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဒီဂျစ်တယ် အသိပညာ၊ခံယူချက်နှင့် အ‌လေ့အကျင့်ဆိုင်ရာသင်တန်း(ဒုတိယအကြိမ်) ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ဘားအံမြို့)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ပြည်နယ် ဦးစီးမှူး ဦးစိုင်းမင်းထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ကုန်အညွှန်းအမှတ်တံဆိပ်နှင့်ပတ်သက်၍လည်း‌ကောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများမှ ဈေးကွက်သို့ဝင်ရောက် ရောင်းချနိုင်ရေးအတွက်ဌာနမှ ရေးဆွဲထားသော e-commerce website သို့ ဝင်ရောက်နည်းနှင့် Registration ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် (၂၀)ဦးအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)