လှိုင်းဘွဲ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကွင်းဆင်း၍ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များအား အသိပညာပေးခြင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံ အဆင့်ဆင့်တို့ကို လက်တွေ့ပြသ ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင် ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တစ်ကျမဲပေးနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကအဖွဲ့များခွဲ၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ တိုက်နယ် (၅)တိုက်နယ်မှ ရပ်ကွက်(၉)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၄၅)အုပ်စုတို့ကို အဖွဲ့(၆)ဖွဲ့ ဖွဲ့စည်းပြီး စက်တင်ဘာလ (၈)ရက်နေ့မှစ၍ အောက်တိုဘာလ(၂၁)ရက်နေ့အထိ ကွင်းဆင်း၍ အသိပညာပေး ဟောပြောရှင်းပြခြင်း၊ လက်တွေ့စမ်းသပ် မဲပေးစေခြင်းတို့ကို ဆောင်ရွက်သွားမည်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)