ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ပန်းတောင်း စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)အချိန်က ကလေးသူငယ်များ အသိဉာဏ်ပညာတိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားကာ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အ.ထ.က(ပန်းတောင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာ/ထောက်(၃) ဒေါ်ခက်ခက်ဦးက ဗဟုတသုတရဖွယ်ကဗျာများ၊ ကာတွန်များ၊ ပုံပြင်များကို ပြောကြားခဲ့ပြီး ကျောင်သား၊ ကျောင်းသူများက စိတ်ဝင်တစားနားထောင်မှတ်သားခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)