ညောင်လေးပင် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၁၃) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်လေးပင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ဉာဏစွမ်းရည်ပြိုင်ပွဲ၏ ရည်ရွယ်ချက်ကို ဟောပြောခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကျင်းပခဲ့ရာ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်း(လွန်) အာဇာနည်လမ်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၂၂) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)