ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်အစားအစာများ သန့်ရှင်းစွာဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းပြုလုပ်

ပဲခူး စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်(၇)၊ ပင်စည်‌ဈေးအတွင်း၌ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်အစားအစာများ သန့်ရှင်းစွာဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများ ပြုလုပ်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ဒုတိယတိုင်းပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာနီနီလှိုင်၏ဦးဆောင်မှု၊ ပဲခူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်ဝင်းနှင့် ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဌေးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူးမြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ပဲခူးမြို့တွင် သင်တန်းရောက်နေသည့် ကျန်းမာရေးကြီးကြပ်(၁)သင်တန်းသားများ၊ ဈေးကြီးကြပ်မှုကော်မတီများပူးပေါင်းပြီး ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်(၇)ပင်စည်ဈေးတွင် ရောင်းချနေသည့် စားသောက်ကုန်၊ လူသုံးကုန်များ ကျန်းမာရေးနှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးအတွင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိခြင်းရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)