အိမ်မဲ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊မြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက် ဦးဇော်မင်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြို့နယ်သမဝါယမအသင်း၏ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များနှင့်အသင်း၏လုပ်ငန်းလည်ပတ်မှုများကို အရှိန်အဟုန် ကောင်းမွန်စွာဆောင်ရွက်နိုင်ရေး ကြိုးစားပေးရန် အမှာစကား ပြောကြား ပြီး အိမ်မဲမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းသိန်း က အမှာစကားများ ပြောကြား သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် ဒါရိုက်တာအဖွဲ့လုပ်ငန်း အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက် ရယူခဲ့ပါသည်။ ဆက်လက်၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ချစ်သက်လယ်