ကျွန်းလှမြို့နယ်၌ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်တံတားနှင့် လမ်းခင်းခြင်းဆောင်ရွက်

ကျွန်းလှ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုးကျေးရွာတွင်း ကွန်ကရစ်တံတားနှင့်လမ်းခင်းခြင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကွန်ကရစ်တံတား အကျယ် ၁၈ ပေ၊ အမြင့် ၃ ပေ၊ ရေသွားလမ်းအကျယ် ‌‌၂ ပေခွဲနှင့် ကျွန်ကရစ်လမ်း အရှည်ပေ ၃၀၀ ကို ကျေးရွာနေပြည်သူများ၏ လုပ်အား၊ အလှူရှင်များ လှူဒါန်းငွေကျပ် သိန်း ၁၅၀ ဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ အင်းကောင်းကျေးရွာတွင် ရွာတွင်းလမ်းမကြီး ၅ လမ်း၊ လမ်းသွယ် (၁၁) လမ်းရှိကြောင်း၊ ရဟန်းရှင်လူပြည်သူများ၊ ခရီးသွားပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအဆင်ပြေပြီး ရေစီးရေလာကောင်းမွန်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

မျိုးဝင်းညို ကျွန်းလှ