ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကျင်းပ

ကဝ စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေးတို့အတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကဝမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် သဘာဝ‌ဘေးအန္တရာယ်များအကြောင်း တို့ကိုဟောပြောခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကျင်းပခဲ့ရာစကားပုံဆက်ပြိုင်ပွဲတွင် အမှတ် (၄) အခြေခံပညာမူလတန်း (လွန်) ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော သဘာဝဘေးအန္တရာယ်များအကြောင်းအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်/စာစောင်များအားစိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)