တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၇) ဆုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သော ပဲခူးတိုင်းဒေသကြီး တင်းနစ်အားကစားသမားများ ဂုဏ်ပြုကြိုဆိုပွဲကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၉

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်()ဆုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ်အားကစားသမားကို စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးနယ်စပ် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဝမ်းဘောဒတ်တံတားမှ စတင်၍ ဂုဏ်ပြုကြိုဆိုခြင်းအားပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြိုဆိုဂုဏ်ပြုခဲ့သည်။

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများဖြင့် အောင်မြင်မှုများရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ်အားကစားသမားများကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ တင်းနစ်အားကစားဝါသနာရှင်များ၊ ပဲခူးမြို့နေပြည်သူများက ပဲခူးမြို့နယ်အစပ် ဝမ်းဘော်ဒတ်တံတားမှစတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအထိ ကားလမ်းဘေးဝဲ/ယာမှ သောင်းသောင်းဖျဖျ စည်ကားသိုက်မြိုက်စွာကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ်အားကစားသမားများအား ချီးကျူးဂုဏ်ပြု ခြင်း အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ် အားကစားပြိုင်ပွဲတွင် တံခွန်စိုက်ဖလားနှင့် ရွှေတံဆိပ်ဆု အားလုံးရယူပေးနိုင်ခဲ့မှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တင်းနစ်အားကစားနည်း အောင်မြင်မှုများရရှိခဲ့သလို အခြားအားကစားနည်းများကိုလည်း မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်အားကစားပြိုင်ပွဲ စုပေါင်းတံခွန်စိုက်ဆုဖလား၊ အမျိုးသားတံခွန်စိုက် ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားတို့အား တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေစုစုပေါင်းကျပ်သိန်း (၃၅၀) အား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် တင်းနစ်အားကစားအဖွဲ့ နည်းပြတစ်ဦးနှင့် အားကစားသမားတစ်ဦးတို့က ပြိုင်ပွဲအတွေ့အကြုံနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်မှုပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူတင်းနစ်ကွင်း၌ စက်တင်ဘာလ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုတင်းနစ်အားကစားအဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ ရွှေတံဆိပ် () ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်()ခု၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ် ()ခု၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ် ()ခု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် ()ခု၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်()ခုနှင့် အမျိုးသား+အမျိုးသမီး (Mix Team) ပြိုင်ပွဲတွင် ရွှေတံဆိပ်()ခု၊ စုစုပေါင်းရွှေတံဆိပ် () ခု၊ အမျိုးသားအကောင်းဆုံးဆု၊ အမျိုးသမီးအကောင်းဆုံး ဆု၊ အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားတို့ ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)