တောင်တွင်းကြီး စက်တင်ဘာ ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၂၈၀.၀၀၀) သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သော တောင်တွင်း-အောင်လံကားလမ်းမှ ရွာသစ်လမ်းပေါ်ရှိ ပေ (၄၀) သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင်စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ (ရုံးချုပ်) မှ အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဦးခိုင်မင်းစိုး၊ လုပ်ငန်းတာဝန်ခံ ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်ထွန်းကျော်၊ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ခိုင်ခိုင်ထွေးနှင့်အဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)