ဆင်ပေါင်ဝဲ စင်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ပြည်သူများအနေဖြင့် နေအိမ်များတွင် မီးသတိပြုရန် မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများအဆင်သင့်ထားရှိရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင်လည်း မီးဘေးလုံခြုံရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ဆောင်ရွက်ကြရန် စသည့်တို့ကို မြို့ပေါ်ရပ်ကွက်နှင့် လမ်းဆုံများတွင် မီးသတ်ယာဥ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် မီးသတိပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)