မြို့သစ်မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြို့သစ် စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်အဆင့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀)နာရီက မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အဆင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ဝင်မြို့နယ်လဝကဦးစီးမှူး ဦးတင်လှကြည်၊ မြို့နယ်အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ဝင်မြို့နယ်ဥပဒေအရာရှိ ဦးမင်းသူ၊ မြို့နယ်အဆင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ဝင် မြို့နယ်စာရင်းစစ်မှူး ဒေါ်ဝင်းဝင်းအေး၊ တောင်တွင်းကြီးမြို့နယ် အခွန်ဦးစီးမှူး ဒေါ်လွင်လွင်ထွန်းတို့က အဂတိလိုက်စားခြင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်၊ ဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)