နတ်မောက်မြို့၌ ကိုယ့်အားကိုယ်ကိုးကျောက်ချောလမ်းခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက် စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လမ်းအရှည် (၄၆၀ ပေ ×၁၂ပေ ×၉ လက်မ)ရှိ ဘုရင့်နောင်လမ်းအား ကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်းခင်းနေမှုအား တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါလမ်း၌ မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းများပေါ်တွင် ရေအိုင်များ၊ ရွံ့ဗွက်အိုက်များမဖြစ်ပေါ်စေရေးနှင့် အများပြည်သူသွားလာရေး အဆင်ပြေချောမွေ့စေရန် ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်းခင်းနေမှုအား စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းတို့က  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းရေရှည်အသုံးပြုနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရမည့် အစီအစဉ်များကို ပေါင်းစပ်လုပ်ကိုင်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း