ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ သင်ကြားရေးထူးချွန် ဆရာ၊ ဆရာမများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့် စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ သင်ကြားရေးထူးချွန် ဆရာ၊ ဆရာမများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊‌ မွေးမြူရေးအထက်တန်းကျောင်း (အမျိုးသားခန်းမ)တွင် ကျင်းပခဲ့သည်။

ဦးစွာ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊‌ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆို‌ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆရာမကြီးဒေါ်ခင်သက်နိုင်က ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီးအဆင့် ပထမရရှိခဲ့သော အခြေခံပညာအထက်တန်းကျောင်းခွဲ(နနွင်းဂရက်)အားလည်းကောင်း၊ အောင်ချက်အကောင်းဆုံးရရှိသော အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(၄)ကျောင်းတို့အားလည်းကောင်း၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ထူးချွန်ဆရာ၊ ဆရာမ(၃၁)ဦးတို့အားလည်းကောင်း၊ (၄)ဘာသာဂုဏ်ထူးရ ကျောင်းသူ(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား/သူ(၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရကျောင်းသား/ သူ(၈)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရကျောင်းသား/သူ(၁၈)ဦးတို့အား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊‌ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆို‌ဖျော်ဖြေ၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ NGO အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊‌ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)