မင်းလှမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထုတ်ပေး

အထက်မင်းလှ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထုတ်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာမှ ယနေ့ နံနက် ၁၁ နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့်ပူးပေါင်း၍ ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ​​ရေးနှစ်တွင် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင် တစ်လလျှင် (၁၀,၀၀၀/-) ကျပ်နှုန်းဖြင့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၆၄) ဦးအတွက် နိုင်ငံတော်မှ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)