မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

အထက်မင်းလှ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (မြောက်ရပ်ကွက်)၌ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာချိုဝင်းက ကျောင်းသား၊ ကျောင်းသူမျာအား အလုပ်လုပ်နိုင်သည့် ကလေးသူငယ်၏ အသက်အရွယ်အပိုင်းအခြား၊ ကလေးအလုပ်သမားများကို အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ချက်များ၊ ကလေးသူငယ်များအား အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်း၊ ကလေးသူငယ်၏ အခွင့်အရေးဆိုင်ရာများ၊ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)