ညောင်တုန်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင်စိုက်ပျိုးမည့် ဆီထွက်သီးနှံများလျာထားမှုဧကပြည့်မီ ကျော်လွန်စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး စီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်က ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အကြောင်းအရာများနှင့်ပတ်သက်၍ ဆီထွက်သီးနှံ စိုက်ပျိုးရာတွင် လျာထားစိုက်ဧက ပြည့်မီကျော်လွန်၍ အထွက်နှုန်းတိုးစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တောင်သူများပူးပေါင်းကာ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များက ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၅)အုပ်စုရှိ ဆီထွက်သီးနှံ မြေပဲ(၉၆၅)ဧက၊နှမ်း(၁၀)ဧက၊ နေကြာ( ၆၈၉၇)၊ ဆီပဲပုတ် (၆၀၀) ဧကအား လျာထားချက်ပြည့်မီကျော်လွန်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)