ဓနုဖြူမြို့နယ်၌ အခွန်ပညာရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဓနုဖြူ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခွန်ပညာရှင်လင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သပြုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးခင်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်ကျော်က အခွန်ဆိုင်ရာ တည်ဆဲဥပဒေများ၊ အခွန်အမျိုးအစားများ၊ ပြေစာများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရပြေစာအမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ လိုက်နာဆောင်ရွက်ရန် သိကောင်းစရာများ၊ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်ကျော်၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန ဦးခင်ဇော်မြင့်၊ စည်ပင် သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးစိုးလွင်၊ မြို့နယ် အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အေထာက်အကူပြုအဖွဲ့ဝင်များ၊ မြို့နယ်လုပ်ငန်းရှင်များ၊ ကျေးရွာနေ ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်