စစ်ကိုင်း စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ လေးကျွန်းမာရ်အောင်ဘုရာကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ ပြန်လည်တင်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက် နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရွှေဟင်္သာတိုက်သစ်ကျောင်းတိုက်၊ မဟာစေတီလှဘုရား၊ မဟိယင်္ဂဏဘုရား ပြန်လည်ပြုပြင်မွမ်းမံနေမှု လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
နေလင်းအောင်