ကျွန်းလှမြို့နယ်၌ မိုးစပါးစိုက်ခင်းများ ကွင်းဆင်းစစ်ဆေး

ကျွန်းလှ စက်တင်ဘာ   ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးပညာရှင်များက တောင်သူများအား ပြောင်းလဲလာသည့် ရာသီဥတုကြောင့် စပါးစိုက်ခင်းများ ကျရောက်တတ်သော ပိုးမွှားရောဂါများ၊ ယူရီးယားဓာတ်မြေဩဇာ လိုအပ်သည့်အချိန်ထည့်သွင်းပြီး မလိုအပ်ဘဲ ပိုမိုမသုံးစွဲရေးနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေး ဆွေးနွေးခဲ့သည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ - ၂၀‌၂၆ ခုနှစ်၊ မိုးရာသီ၌ မိုးစပါး ၃၄၀၉၇ ဧက စိုက်ပျိုးရန်လျာထားပြီး ၃၄၀၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ