မော်လမြိုင်ကျွန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

 မော်လမြိုင်ကျွန်း     စက်တင်ဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူပေါင်း၍ အသိပညာဟောပြောပွဲအား ယနေ့ မွန်းလွဲ (၁) နာရီက  ကြောင်ထောက်ကျေးရွာ၌ ဆောင်ရွက်သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေး လိုက်နာရမည့်အချက်များ၊  ဥပဒေအကြောင်းများ၊  ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ဇာဇာလင်းမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစားစောင်များဖြန့်ဝေခဲ့ပြီး  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းမှ ခွေးရှုးပြန်ရောဂါကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်များအကြောင်း စသည့်တို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)