ဓနုဖြူ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ပလတ်စတစ် လျော့ချသုံးစွဲနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးနှင့် မြို့မစျေးဝန်းကျင်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့နယ်အတွင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေးအတွက် ပလတ်စတစ်အန္တရာယ် ဝိုင်းဝန်းလျော့ချကာကွယ်၊ ကမ္ဘာမြေကို ကာကွယ်ဖို့ ပလပ်စတစ်သုံးစွဲမှုလျော့ကြစို့၊ ပလတ်စတစ်တွင်ပါဝင်သော အန္တရာယ်ရှိ ဓာတုပစ္စည်းများ၊ ပလတ်စတစ်ကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ စသည့်အကြောင်းအရာများပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)