ပေါင်းတည်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌‌ပေးဟောပြောပွဲ ကျင်းပ

ပေါင်းတည် စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက ညောင်ဖြူကျေးရွာ မူလွန်ကျောင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပ‌ဒေများကို အသိပညာဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေသား