ပွင့်ဖြူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ပွင့်ဖြူ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များထောက်ပံ့ပေးလျက်ရှိရာ ယခုအကြိမ် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ် (၆)လစာအတွက် ပေးအပ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွား ၇၇၆ ဦးအား တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ိ/- နှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့သည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)