ကံမ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅- ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၁) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက အလယ်ကျေးရွာအုပ်စုနှင့် အလပ်လယ်ကျေးရွာအုပ်စုတို့မှ တောင်သူ (၁၃၉)ဦးတို့၏ မိုးစပါးစိုက်ဧက (၃၀၀)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကံမမြို့နယ်၌ မိုးစပါးစိုက်ပျိုးငွေများ ထုတ်ချေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ် ၁၅၀,၀၀ဝိ/-(ကျပ် တစ်သိန်းငါးသောင်း)နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ် ၁၀၀,၀၀ဝိ/- (ကျပ် တစ်သိန်း)နှုန်းဖြင့် ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)