ပခုက္ကူ စက်တင်ဘာလ ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန္ဒာအောင်က ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပရာ ပန်းချီပြိုင်ပွဲတွင် ၁၃ ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် ၁၀ ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ၁၄ ဦး၊ အင်္ဂလိပ်ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ၁၂ ဦး၊ သီချင်းဆိုပြိုင်ပွဲတွင် ၃၀ ဦး၊ စုစုပေါင်း ၇၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကဲဖြတ်ဒိုင်လူကြီးများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အမှတ်ပေးရွေးချယ်ကြကြောင်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို စက်တင်ဘာလ ၁၉ ရက်တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)