ရေတာရှည် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများမှ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန်များကို ယမန်နေ့ညနေ(၄:၃၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက် ကရင်ချောင်းလမ်း၌ ရွေ့လျားစနစ်ဖြင့် စျေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစားသောက်ကုန်များကို ရေတာရှည်မြို့နယ်၊ ရပ်ကွက်အတွင်းရှိ ပြည်သူများအတွက် ပြင်ပစျေးနှုန်းထက် သက်သာသောတန်ဖိုးသင့်စျေးနှုန်းများဖြင့် လူတစ်ဦးလျှင် ကြက်ဥ (၁၀) လုံး(၃၅ဝဝ/-)နှင့် စားအုန်းဆီ (၅၀) ကျပ်သား တစ်ဘူးကို (၈၀၀၀)နှုန်းနှင့် လိုက်လံရောင်းချ ပေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။
မြို့နယ်(ပြန်/ဆက်)