သံတောင်မြို့ ပြည်သူ့ဆေးရုံအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ DP-30 Ultrasound စက်တစ်လုံး ပေးအပ်လှူဒါန်း

သံတောင်ကြီး ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ သံတောင်မြို့ (၂၅) ကုတင်ဆံ့ ပြည်သူ့ဆေးရုံအတွက် ကျပ် (၆၉) သိန်းတန်ဖိုးရှိ Ultrasound Machine စက်တစ်လုံးအား ယမန်နေ့ညနေ (၃) နာရီအချိန်က သံတောင်မြို့ ပြည်သူ့ဆေးရုံခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ပြည်နယ် မန်နေဂျာ ဦးကိုကိုအောင်က DP-30 Ultrasound စက်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး DP-30 Ultrasound စက်အား သံတောင်မြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာစစ်သွေးပိုင်ထံ ပေးအပ်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စောဗစ်တာခလိုက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်ခရစ္စထွန်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်နှင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)