ရွှေကျင်မြို့တွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းဆောင်ရွက်ပေး

ရွှေကျင် စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက ရှမ်းကြေးရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းကလူကုန်ကူးမှုခံရသူများနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခံရမှု ဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့်ဒုက္ခများစသည့် အကြောင်းအရာများကို ဟောပြောခဲ့‌သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ ရရှိစေရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သတ်သည့် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ် စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ထွန်းထွန်းဇော်