နတ်တလင်း စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ဆောင်ရွက်ခဲ့သည်။
ဦးစွာ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးက စာစီစာကုံးပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ကျောင်းသူ(၁၀)ဦးမှ "မြတ်ပညာ" ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
ထို့နောက် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဆက်လက်ပြုလုပ်ရာ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ခင်ကျင်းပြသထားသော စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)