ညောင်လေးပင် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က သာသနာ့ဗိမာန်ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ညောင်လေးပင်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ရာတွင် ညောင်လေးပင်မြို့နယ်အတွင်းရှိ ညောင်လေးပင်၊ ပြွန်တန်ဆာနှင့် မဒေါက်ဒေသများအတွင်းသို့ နေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာကာယကံရှင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ရာ၌ နေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ကျပ်(၆၀၀၀၀)နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်သုံးလအတွက် ညောင်လေးပင်မြို့နယ်ရှိ မြို့မ(၅)ရပ်ကွက်အတွင်း သက်ဆိုင်ရာကာယကံရှင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)