သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားအသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

သာယာဝတီ စက်တင်ဘာ ၁၈

၂၀၂၅ ခုနှစ်၊ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာယာဝတီ ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာသာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။

အဆိုပါအမျိုးသမီး‌ဘောလုံးပြိုင်ပွဲကို သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်အသင်းတို့က ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ယနေ့တွင် သာယာဝတီမြို့နယ်အသင်းနှင့် မိုးညိုမြို့နယ်အသင်းတို့ယှဥ်ပြိုင်‌နေမှုကို သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘောလုံးဝါသနာရှင်ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီးပြိုင်ပွဲကိစက်တင် ဘာ ၁၆ ရက်မှ ၂၁ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)