တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြုမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင်  အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း (ဒေဝီ) တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် (၉) အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် တောင်တွင်းကြီးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဉီးစီးမှူး ဦးစောမောင်က စာသင်ကျောင်းအခြေပြုမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာအား ဟောပြောခဲ့ပြီး ကနဦးမီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်နိုင်ရေးအတွက် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ရွှေအိုးနယ်မြေမီးသတ်စခန်းမှ တာဝန်ခံနှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်၊ ရှောင်ရန်နှင့်လိုက်နာရန် အချက်များနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ တစ်မျိုးခြင်း အလိုက်သုံးစွဲမှုအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျောင်းသားကလေးများကို သဘာဝဘေးဖြစ်လာပါက အသက်ကယ်အင်္ကျီ life Jacket ဝတ်ဆင်ပုံ၊ BA SET၊ အရေးပေါ်လူနာသယ်ဆောင်နည်းနှင့် အသက်ရှူကိရိယာကို အသုံးပြုပုံများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)